သစ္ခြပင္စိုက္ပ်ိဳးနည္း

ယူနီကုတ္စီးပွားဖြစ် သစ်ခွပင်စိုက်ပျိုးနည်း

သစ်ခွကို အိုးစနစ်၊ခြင်းစနစ်၊ တိုင်ထောင်စနစ်၊ ချိတ်ဆွဲစနစ်၊အပင်ကြီးတွင် တွယ်ကပ်စနစ်၊ စင်တန်းစနစ် စသည့် စနစ်အမျိုးမျိုး ဆောင်ရွက်နိုင်သည်။
ဤစနစ်အမျိုးမျိုးများအနက် လက်ရှိအောင်မြင်နိုင်ပြီး စီးပွားရေးတွက်ခြေကိုက်နိုင်သောစနစ် မှာ စင်တန်းစနစ်ဖြစ်သည်။သို့အတွက် သစ်ခွစိုက်ရန် သစ်ခွရုံ၊သစ်ခွစင် ဦးစွာဆောက်လုပ်ရမည်။ သစ်ခွသည် မူလတောဂနိုင် စိမ့်စမ်းမြိုင်ထဲကပတ်ဝန်းကျင် သဘာဝအခြေအနေအတိုင်းထူထောင်ဖန်တီးပေးနိုင်မှသာ ဖွံ့ဖြိုးကြီးထွားနိုင်သည်။
သို့မဟုတ်လျှင် ဖြစ်ထွန်းမှုနှေးကွေးပြီး ကြန့်ကြာနိုင်သည်။ သစ်ခွစင်တန်းများ ပတ်ဝန်းကျင်တွင် သူ့သဘာဝစိုထိုင်းဆနှင့် ပတ်ဝန်းကျင်ရရှိအောင်အပေါ်မှ Hori Net ဖြင့် မိုးပေးရသည်။သစ်ခွရုံသည် အလင်းရောင်လုံလောက်စွာရရှိရသည်။ လေဝင်လေထွက် ကောင်းမွန်ရမည်။ သို့အတွက် အမိုးကို မမြင့်လွန်းမနိမ့်လွန်း မိုးပေးရသည်။ သစ်ခွစင်တန်းများ ပတ်ဝန်းကျင်တွင် စိုထိုင်းဆ ၂၀ မှ၂၅ ရာခိုင်နှုန်းရှိအောင် ပြုပြင်ဖန်တီးပေးရန်လိုအပ်သည်။
သစ်ခွစင်တန်း တည်ဆောက်ရာတွင်ထိပ်အကျယ် လေးပေ၊ အရှည် ပေ ၁၀၀၊အမြင့် သုံးပေ၊ ခြောက်ပေ နှစ်ထပ်စင်ဆောက်ရသည်။ စင်ပေါ်တွင် သစ်သားတန်း တစ်တန်းနှင့်တစ်တန်း ၁၀ လက်မခြား ကန့်လန့်ရိုက်ရသည်။ စင်တစ်စင်နှင့်တစ်စင်ကြား လူသွားလမ်း သုံးပေခွဲချန်ထားပေးရသည်။ အပင်ပြုစုစောင့်ရှောက်ထိန်းသိမ်း နိုင်ရန် ဖြစ်သည်။ စင်အောက်တွင် စိုထိုင်းဆကောင်းပြီး စိမ့်အေးနေစေရန် အနက်လေးလက်မတူးပြီး ၎င်းထဲသို့ အုန်းဆံမှုန့်၊ စက်ဖွဲပြာ၊ သဲစသည်များ ဖြန့်ခင်းပေးထားရမည်။ စင်တွင်အသုံးပြုသော သစ်သားများတွင် မှိုရောဂါများ ကပ်ပါလာနိုင်သဖြင့် စင်ဆောက်ပြီးပါက မှိုသတ်ဆေးဖျန်းပေးရန် လိုအပ်သည်။
သစ်ခွမျိုးပွားရန်နှင့်စိုက်ပျိုးရန်အတွက် အသုံးပြုမည့် အုန်းဆံခွံများကို မှိုသတ်ဆေးနှင့် ဘီ ၁(B1)အားဆေး ဖျော်စပ်ထားသော ဆေးရည်တွင် တစ်ပတ်ခန့်စိမ် ပေးရသည်။ ဤသို့စိမ်လိုက်ပါက ရောဂါလည်းကင်းမည်။ အုန်းဆံခွံများလည်း ပွလာမည်။ အုန်းဆံခွံများကို အမြစ်တွယ်ကပ်အားကောင်းစေရန် အမြစ်ကုပ်မြန်စေရန် ပွနေအောင် ထုပြီးမှ အသုံးပြုရန် လိုအပ်သည်။
သစ်ခွစင်နှင့် သစ်ခွရုံဆောက်ပြီးပါက သစ်ခွပင်များ မစိုက်ပျိုးမီ သစ်ခွစင်များနှင့် အောက်ကြမ်းခင်းတွေပါ အားလုံးစိုရွှဲပြီး ရေဝနေစေရန် ဖျန်းပြီးမှ စိုက်ပျိုးရန်လိုအပ်သည်။
စိုက်ပျိုးသည့်အခါ သစ်ခွပျိုးပင်အမြစ်ဇုန်ကို စင်ဘေးရှိ တန်းနှင့်မြဲနေအောင် ချည်နှောင်ပြီး တွယ်ကပ်စိုက်ပျိုးမိရန် သတိပြုရသည်။ သို့မဟုတ်လျှင် တော်တော်နှင့် အမြစ်မစွဲဘဲ အပင်သေသွားနိုင်သည်။ စင်တန်းပေါ်တွင် တစ်ပင်နှင့်တစ်ပင်ရှစ်လက်မခြား စိုက်ပျိုးပေးရသည်။
အပင်အကွာအဝေး အမျိုးအစားအလိုက် ကွာခြားမှုရှိနိုင်သည်။သစ်ခွတစ်ပင်သည် ၁၀ ပင်မှ ၁၂ ပင်အထိ ပွားနိုင်ပြီး တစ်နှစ် သုံးလေးကြိမ် ရိတ်သိမ်းဖြတ်ယူနိုင်သည်။သစ်ခွ စိုက်ပြီးလျှင် အပင်များကြီးထွားဖွံ့ဖြိုးရန် ရေပေးသည့် စနစ်နှင့်မြေသြဇာကျွေးသည့် စနစ်သည် အရေးကြီးသည်။
ရေသည် PH ၆မှ ၇ ဒသမ ၅ ရှိလျှင် ပိုကောင်းသည်။ ဆားဓာတ်၊သံဓာတ်၊ထုံးဓာတ်များသောရေကိုမသုံး
သင့်ပေ။ နံနက်တစ်ကြိမ်၊ညနေတစ်ကြိမ်ရေပေးရန်
လိုအပ်သည်။ မိုးရာသီတွင်ရေပေးချိန်လျော့နိုင်သည်။ ရေပိုက်နှင့်တိုက်ရိုက် ရေပေးလျှင် အမြစ်ဇုန်ကို ရေအားနှင့် မလောင်းမိစေရန် သတိပြုသင့်သည်။ အပေါ်မှ ရေပန်းခေါင်းဖြင့် ရေမှုန်မွှားအသွင် ဖျန်ပေးနိုင်လျှင် ပို၍ကောင်းသည်။
အပင်ကြီးထွားမှု ကောင်းစေရန် အစာအာဟာရနှင့် ရေပေးမှန်လျှင် မှန်သလောက်အပင်ကြီးထွားပါသည်။

စီးပြားျဖစ္ သစ္ခြပင္စိုက္ပ်ိဳးနည္း

သစ္ခြကို အိုးစနစ္၊ျခင္းစနစ္၊ တိုင္ေထာင္စနစ္၊ ခ်ိတ္ဆြဲစနစ္၊အပင္ႀကီးတြင္ တြယ္ကပ္စနစ္၊ စင္တန္းစနစ္ စသည့္ စနစ္အမ်ိဳးမ်ိဳး ေဆာင္႐ြက္ႏိုင္သည္။
ဤစနစ္အမ်ိဳးမ်ိဳးမ်ားအနက္ လက္ရွိေအာင္ျမင္ႏိုင္ၿပီး စီးပြားေရးတြက္ေျခကိုက္ႏိုင္ေသာစနစ္ မွာ စင္တန္းစနစ္ျဖစ္သည္။သို႔အတြက္ သစ္ခြစိုက္ရန္ သစ္ခြ႐ုံ၊သစ္ခြစင္ ဦးစြာေဆာက္လုပ္ရမည္။ သစ္ခြသည္ မူလေတာဂႏိုင္ စိမ့္စမ္းၿမိဳင္ထဲကပတ္ဝန္းက်င္ သဘာဝအေျခအေနအတိုင္းထူေထာင္ဖန္တီးေပးႏိုင္မွသာ ဖြံ႕ၿဖိဳးႀကီးထြားႏိုင္သည္။
သို႔မဟုတ္လွ်င္ ျဖစ္ထြန္းမႈေႏွးေကြးၿပီး ၾကန႔္ၾကာႏိုင္သည္။ သစ္ခြစင္တန္းမ်ား ပတ္ဝန္းက်င္တြင္ သူ႔သဘာဝစိုထိုင္းဆႏွင့္ ပတ္ဝန္းက်င္ရရွိေအာင္အေပၚမွ Hori Net ျဖင့္ မိုးေပးရသည္။သစ္ခြ႐ုံသည္ အလင္းေရာင္လုံေလာက္စြာရရွိရသည္။ ေလဝင္ေလထြက္ ေကာင္းမြန္ရမည္။ သို႔အတြက္ အမိုးကို မျမင့္လြန္းမနိမ့္လြန္း မိုးေပးရသည္။ သစ္ခြစင္တန္းမ်ား ပတ္ဝန္းက်င္တြင္ စိုထိုင္းဆ ၂၀ မွ၂၅ ရာခိုင္ႏႈန္းရွိေအာင္ ျပဳျပင္ဖန္တီးေပးရန္လိုအပ္သည္။
သစ္ခြစင္တန္း တည္ေဆာက္ရာတြင္ထိပ္အက်ယ္ ေလးေပ၊ အရွည္ ေပ ၁၀၀၊အျမင့္ သုံးေပ၊ ေျခာက္ေပ ႏွစ္ထပ္စင္ေဆာက္ရသည္။ စင္ေပၚတြင္ သစ္သားတန္း တစ္တန္းႏွင့္တစ္တန္း ၁၀ လက္မျခား ကန႔္လန႔္႐ိုက္ရသည္။ စင္တစ္စင္ႏွင့္တစ္စင္ၾကား လူသြားလမ္း သုံးေပခြဲခ်န္ထားေပးရသည္။ အပင္ျပဳစုေစာင့္ေရွာက္ထိန္းသိမ္း ႏိုင္ရန္ ျဖစ္သည္။ စင္ေအာက္တြင္ စိုထိုင္းဆေကာင္းၿပီး စိမ့္ေအးေနေစရန္ အနက္ေလးလက္မတူးၿပီး ၎ထဲသို႔ အုန္းဆံမႈန႔္၊ စက္ဖြဲျပာ၊ သဲစသည္မ်ား ျဖန႔္ခင္းေပးထားရမည္။ စင္တြင္အသုံးျပဳေသာ သစ္သားမ်ားတြင္ မႈိေရာဂါမ်ား ကပ္ပါလာႏိုင္သျဖင့္ စင္ေဆာက္ၿပီးပါက မႈိသတ္ေဆးဖ်န္းေပးရန္ လိုအပ္သည္။
သစ္ခြမ်ိဳးပြားရန္ႏွင့္စိုက္ပ်ိဳးရန္အတြက္ အသုံးျပဳမည့္ အုန္းဆံခြံမ်ားကို မႈိသတ္ေဆးႏွင့္ ဘီ ၁(B1)အားေဆး ေဖ်ာ္စပ္ထားေသာ ေဆးရည္တြင္ တစ္ပတ္ခန႔္စိမ္ ေပးရသည္။ ဤသို႔စိမ္လိုက္ပါက ေရာဂါလည္းကင္းမည္။ အုန္းဆံခြံမ်ားလည္း ပြလာမည္။ အုန္းဆံခြံမ်ားကို အျမစ္တြယ္ကပ္အားေကာင္းေစရန္ အျမစ္ကုပ္ျမန္ေစရန္ ပြေနေအာင္ ထုၿပီးမွ အသုံးျပဳရန္ လိုအပ္သည္။
သစ္ခြစင္ႏွင့္ သစ္ခြ႐ုံေဆာက္ၿပီးပါက သစ္ခြပင္မ်ား မစိုက္ပ်ိဳးမီ သစ္ခြစင္မ်ားႏွင့္ ေအာက္ၾကမ္းခင္းေတြပါ အားလုံးစို႐ႊဲၿပီး ေရဝေနေစရန္ ဖ်န္းၿပီးမွ စိုက္ပ်ိဳးရန္လိုအပ္သည္။
စိုက္ပ်ိဳးသည့္အခါ သစ္ခြပ်ိဳးပင္အျမစ္ဇုန္ကို စင္ေဘးရွိ တန္းႏွင့္ၿမဲေနေအာင္ ခ်ည္ေႏွာင္ၿပီး တြယ္ကပ္စိုက္ပ်ိဳးမိရန္ သတိျပဳရသည္။ သို႔မဟုတ္လွ်င္ ေတာ္ေတာ္ႏွင့္ အျမစ္မစြဲဘဲ အပင္ေသသြားႏိုင္သည္။ စင္တန္းေပၚတြင္ တစ္ပင္ႏွင့္တစ္ပင္ရွစ္လက္မျခား စိုက္ပ်ိဳးေပးရသည္။
အပင္အကြာအေဝး အမ်ိဳးအစားအလိုက္ ကြာျခားမႈရွိႏိုင္သည္။သစ္ခြတစ္ပင္သည္ ၁၀ ပင္မွ ၁၂ ပင္အထိ ပြားႏိုင္ၿပီး တစ္ႏွစ္ သုံးေလးႀကိမ္ ရိတ္သိမ္းျဖတ္ယူႏိုင္သည္။သစ္ခြ စိုက္ၿပီးလွ်င္ အပင္မ်ားႀကီးထြားဖြံ႕ၿဖိဳးရန္ ေရေပးသည့္ စနစ္ႏွင့္ေျမၾသဇာေကြၽးသည့္ စနစ္သည္ အေရးႀကီးသည္။
ေရသည္ PH ၆မွ ၇ ဒသမ ၅ ရွိလွ်င္ ပိုေကာင္းသည္။ ဆားဓာတ္၊သံဓာတ္၊ထုံးဓာတ္မ်ားေသာေရကိုမသုံး
သင့္ေပ။ နံနက္တစ္ႀကိမ္၊ညေနတစ္ႀကိမ္ေရေပးရန္
လိုအပ္သည္။ မိုးရာသီတြင္ေရေပးခ်ိန္ေလ်ာ့ႏိုင္သည္။ ေရပိုက္ႏွင့္တိုက္႐ိုက္ ေရေပးလွ်င္ အျမစ္ဇုန္ကို ေရအားႏွင့္ မေလာင္းမိေစရန္ သတိျပဳသင့္သည္။ အေပၚမွ ေရပန္းေခါင္းျဖင့္ ေရမႈန္မႊားအသြင္ ဖ်န္ေပးႏိုင္လွ်င္ ပို၍ေကာင္းသည္။
အပင္ႀကီးထြားမႈ ေကာင္းေစရန္ အစာအာဟာရႏွင့္ ေရေပးမွန္လွ်င္ မွန္သေလာက္အပင္ႀကီးထြားပါသည္။

ျကက္ဟင္းခါး စနစ္တက်စိုက္ပ်ိဳးနည္း

ယူနီကုတ္ဆေးဖက်ဝင် ကြက်ဟင်းခါး စနစ်တကျစိုက်ပျိုးနည်း

ကြက်ဟင်းခါးသီးကို မျိုးသေချာခွဲခြားထားခြင်းမရှိပါ။ အသီး၏ အရွယ်ကို လိုက်ပြီး အပုမျိုး၊ အရှည်မျိုး နှင့် အလုံးမျိုးဟုသာ ခေါ်ကြပါသည်။ အပုမျိုးသည် (၇ - ၁၀) စင်တီမီတာရှိပြီး အရှည်မျိုးသည် (၁၅ - ၁၈) စင်တီမီတာအထိရှည်ပါသည်။ အလုံးမျိုးမှာမူ ကြက်ဟင်းခါးသီးအရိုင်းမှ သီးသောမျိုးဖြစ်ပြီး လေးသောအရသာရှိ၍ အချို့သော တောင်သူများ အထူးကြိုက်နှစ်သက်ကြသည်။ အသီးမှာ အဖြူရောင်၊
အစိမ်းရောင်ရှိနိုင်သည်။
စိုက်ပျိုးသည့် ဒေသ
ကြက်ဟင်းခါးပင်သည် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ တောင် ပေါ်အေးသော အရပ်များတွင်မူ နွေရာသီတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။
ရေမြေရာသီဥတု
ကြက်ဟင်းခါးပင်သည် ရေစီးရေလာကောင်းမွန်ပြီး မြေသြဇာဓာတ် အသင့်အတင့်ရှိသော နေရာများတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။ သဲနုန်းမြေ၊ နုန်းစနယ်မြေ၊
နုန်းမြေများတွင်လည်း များစွာဖြစ်ထွန်းပါသည်။
မြေပြုပြင်နည်း
ကြက်ဟင်းခါးကို စီးပွားဖြစ်စိုက်ပျိုးရန်အတွက် ထယ်တစ်စပ်ထိုးပြီး ထွန်(၆)စပ် မှ (၈)စပ်အထိ ထယ်ရေးကောင်းရသည့်တိုင် ထွန်ယက်ပေးပြီးနောက် ကြမ်းတုံးရိုက်ရမည်။ ထို့နောက် လေးကွက်ကြား စိုက်နိုင်ရန် တစ်တန်းနှင့် တစ်တန်း (၅)ပေ၊
တစ်ပင်နှင့် တစ်ပင် (၃)ပေရစေရန် ထွန်ဖြင့်ကြောင်းဆွဲပေးရမည်။
စင်တင်စိုက်ရန် စိုက်ဘောင်များပြုလုပ်ပေးရမည်။ အလျားပေ (၂၀)၊ အနံ (၃)ပေ၊ ရှိသော မြေကွက်ကို ပေါက်တူးဖြင့် တူးဆ၍ မြေဆွေးဖြင့် ဆတူရောစပ်ပြီး
အမြင့် ( ၁ - ၁.၅) ပေခွဲရှိစိုက်ဘောင်ပြုလုပ်ပေးရမည်။ စိုက်ကျင်းပြုလုပ်၍လည်း စိုက်ပျိုးနိုင်ပါသည်။
မြေသြဇာကျွေးနည်း
နွားချေးမြေသြဇာကို တစ်ဧကလျှင် (၁၀ - ၁၅)တန်ထိ ထည့်ပေးရန်လိုအပ်ပြီး ယူရီးယားဓာတ်မြေသြဇာကို (၂၂၄) ပေါင်နှုန်းထည့်ပေးရန် လိုအပ်သည်။
ဓာတ်မြေသြဇာကို ထည့်ရာတွင် မြေကြီးနှင့် သမသည့်တိုင် ရောမွှေထွန်ယက်
ပေးရန်အရေးကြီးပါသည်။ တီစူပါဓာတ်မြေသြဇာ တစ်ဧကလျှင် (၁၁၂)ပေါင်နှုန်း
ထည့်ပေးရန်လိုပါသည်။
ပျိုးထောင်နည်း
ကြက်ဟင်းခါးကို အစေ့မှတိုက်ရိုက်စိုက်သောနည်းဖြင့် စိုက်ပျိုးကြသည်။
စိုက်ပျိုးနည်း
မိုးရာသီစိုက်အတွက် မေလနှင့် ဇွန်လများတွင် စိုက်ပျိုးပြီး ဆောင်းရာသီစိုက်အတွက် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပါသည်။
စင်တင်စိုက်ပျိုးနည်းတွင် စိုက်ဘောင်(သို့) စိုက်ကျင်းတွင် တစ်ပင်နှင့် တစ်ပင် (၂)ပေခွာပြီး မျိုးစေ့တစ်ကျင်းလျှင် (၃)စေ့ချစိုက်ရပါမည်။ အသန်စွမ်းဆုံးအပင်တစ်ပင်ကိုသာချန်ပြီး အပင်ကလေးများစင်ပေါ်တွယ်တက်နိုင်ရန် ဝါးခြမ်းကို ထောင်ပေးရပါမည်။ အညွန့်စင်ပေါ်ရောက်လျှင် လက်ဖြင့်ဆိတ်ပေးမှသာ အညွန့်များဖြာထွက်ပြီး စင်ပေါ်တက်ပေမည်။
စီးပွားဖြစ်စိုက်မည်ဆိုပါက တစ်တန်းနှင့်တစ်တန်း (၅)ပေခွာပြီး တစ်ပင်နှင့်တစ်ပင်(၃)ပေ ခွာ၍စိုက်ပျိုးရန်လိုအပ်ပါသည်။
အချို့တောင်သူများသည် မိမိခြံစည်းရိုးဘေးတွင် အစေ့များပက်ကြဲထားပြီးအပင်များကို
ခြံစည်းရိုးပေါ်တွင် သီးစေ၏။
တစ်ဧကမျိုးစေ့နှုန်း
တစ်ဧကလျှင် မျိုးစေ့ (၂ - ၃)ကီလိုဂရမ်လိုအပ်၏။ ကြက်ဟင်းခါးစေ့ (၁၀၀)ဂရမ်လျှင် အစေ့ ပေါင်း (၇၀၀)ပါသည်။
ရေသွင်းနည်း
မြန်မာပြည်အလယ်ပိုင်းတွင် မိုးရာသီစိုက်ကြက်ဟင်းခါးကိုအထူးရေသွင်းပေးရန်
မလိုပါ။ ဆောင်းရာသီစိုက် ကြက်ဟင်းခါးတွင်မူ မြေအနေအထားအရ (၁၀ - ၁၅)ရက်ကြား ရေပေး ရန်လိုအပ်၏။
အပင်ပြုစုနည်း
စီးပွားဖြစ်စိုက်သော အကွက်များတွင် အပင်ကလေးများ ငယ်စဉ်ကြားထွန်လိုက်ပေးရန် လိုသည်။ အပင်များမြေတွင်ဖြာလာလျှင် ကြားထွန်မလိုက်သင့်တော့ပေ။ အမြစ်နှင့် အညွန့်များ ထိခိုက်ပါက အထွက်ထိခိုက်နိုင်၏။ အပင်ခြေရင်းပေါင်းများကိုမူ လက်ပေါင်းလိုက်ပေးသင့် သည်။ ကြက်ဟင်းခါးပင်မာျး ပန်းစပွင့်လျှင်အညွန့်များဖြတ်ပေးသင့်၏။ သို့မှသာ အညွန့်ပိုမို ဝေဆာပြီးအသီးပိုသီးမည်ဖြစ်၏။
အသီးဆွတ်ခူးနည်း
ကြက်ဟင်းခါးသီးကို အပင်သက် (၇၅ - ၉၂)ရက်ကြာလျှင်ဆွတ်ခူးနိုင်သည်။ မရင့်မှည့်မီတွင် ဆွတ်ခူးသင့်သည်။ ရင့်မှည့်သောအသီးမှ အစေ့များရင့်မာသွားလျှင် စားသုံးရန်မကောင်းချေ။ အသီးများကို မရင့်မီတစ်ရက်ခြားတစ်ကြိမ်ဆွတ်ခူးသင့်၏။
အပင်အပြုအစုကောင်းပြီး မြေကောင်းတွင်စိုက်ပါက ပိုမိုအထွက်ကောင်းပါသည်။ တစ်ဧကကလျှင် ကြက်ဟင်းခါးသီးလုံးရေ ( ၂၇၀၀၀ - ၃၀၀၀၀ ) ကီလိုဂရမ်ထွက်နိုင်ပါသည်။
သိုလှောင်နည်း
ဆွတ်ခူးပြီးနောက်ကြာရှည်စွာသိုလှောင်၍မရသော
ကြောင့် အသီးများကို ဈေးသို့အမြန်ပို့၍ ရောင်းချ
ရသည်။အအေးဓာတ်ရှိပြီးလေဝင်လေထွက်ကောင်းသောနေရာများတွင် အတော်အသင့်သိုလှောင်ထားနိုင်ပေသည်။



ေဆးဖက္ဝင္ ၾကက္ဟင္းခါး စနစ္တက်စိုက္ပ်ိဳးနည္း

ၾကက္ဟင္းခါးသီးကို မ်ိဳးေသခ်ာခြဲျခားထားျခင္းမရွိပါ။ အသီး၏ အ႐ြယ္ကို လိုက္ၿပီး အပုမ်ိဳး၊ အရွည္မ်ိဳး ႏွင့္ အလုံးမ်ိဳးဟုသာ ေခၚၾကပါသည္။ အပုမ်ိဳးသည္ (၇ - ၁၀) စင္တီမီတာရွိၿပီး အရွည္မ်ိဳးသည္ (၁၅ - ၁၈) စင္တီမီတာအထိရွည္ပါသည္။ အလုံးမ်ိဳးမွာမူ ၾကက္ဟင္းခါးသီးအ႐ိုင္းမွ သီးေသာမ်ိဳးျဖစ္ၿပီး ေလးေသာအရသာရွိ၍ အခ်ိဳ႕ေသာ ေတာင္သူမ်ား အထူးႀကိဳက္ႏွစ္သက္ၾကသည္။ အသီးမွာ အျဖဴေရာင္၊
အစိမ္းေရာင္ရွိႏိုင္သည္။
စိုက္ပ်ိဳးသည့္ ေဒသ
ၾကက္ဟင္းခါးပင္သည္ ပူေႏြးေသာ ရာသီဥတုကို ႀကိဳက္ႏွစ္သက္သည္။ ေတာင္ ေပၚေအးေသာ အရပ္မ်ားတြင္မူ ေႏြရာသီတြင္ စိုက္ပ်ိဳးျဖစ္ထြန္းပါသည္။
ေရေျမရာသီဥတု
ၾကက္ဟင္းခါးပင္သည္ ေရစီးေရလာေကာင္းမြန္ၿပီး ေျမၾသဇာဓာတ္ အသင့္အတင့္ရွိေသာ ေနရာမ်ားတြင္ စိုက္ပ်ိဳးျဖစ္ထြန္းပါသည္။ သဲႏုန္းေျမ၊ ႏုန္းစနယ္ေျမ၊
ႏုန္းေျမမ်ားတြင္လည္း မ်ားစြာျဖစ္ထြန္းပါသည္။
ေျမျပဳျပင္နည္း
ၾကက္ဟင္းခါးကို စီးပြားျဖစ္စိုက္ပ်ိဳးရန္အတြက္ ထယ္တစ္စပ္ထိုးၿပီး ထြန္(၆)စပ္ မွ (၈)စပ္အထိ ထယ္ေရးေကာင္းရသည့္တိုင္ ထြန္ယက္ေပးၿပီးေနာက္ ၾကမ္းတုံး႐ိုက္ရမည္။ ထို႔ေနာက္ ေလးကြက္ၾကား စိုက္ႏိုင္ရန္ တစ္တန္းႏွင့္ တစ္တန္း (၅)ေပ၊
တစ္ပင္ႏွင့္ တစ္ပင္ (၃)ေပရေစရန္ ထြန္ျဖင့္ေၾကာင္းဆြဲေပးရမည္။
စင္တင္စိုက္ရန္ စိုက္ေဘာင္မ်ားျပဳလုပ္ေပးရမည္။ အလ်ားေပ (၂၀)၊ အနံ (၃)ေပ၊ ရွိေသာ ေျမကြက္ကို ေပါက္တူးျဖင့္ တူးဆ၍ ေျမေဆြးျဖင့္ ဆတူေရာစပ္ၿပီး
အျမင့္ ( ၁ - ၁.၅) ေပခြဲရွိစိုက္ေဘာင္ျပဳလုပ္ေပးရမည္။ စိုက္က်င္းျပဳလုပ္၍လည္း စိုက္ပ်ိဳးႏိုင္ပါသည္။
ေျမၾသဇာေကြၽးနည္း
ႏြားေခ်းေျမၾသဇာကို တစ္ဧကလွ်င္ (၁၀ - ၁၅)တန္ထိ ထည့္ေပးရန္လိုအပ္ၿပီး ယူရီးယားဓာတ္ေျမၾသဇာကို (၂၂၄) ေပါင္ႏႈန္းထည့္ေပးရန္ လိုအပ္သည္။
ဓာတ္ေျမၾသဇာကို ထည့္ရာတြင္ ေျမႀကီးႏွင့္ သမသည့္တိုင္ ေရာေမႊထြန္ယက္
ေပးရန္အေရးႀကီးပါသည္။ တီစူပါဓာတ္ေျမၾသဇာ တစ္ဧကလွ်င္ (၁၁၂)ေပါင္ႏႈန္း
ထည့္ေပးရန္လိုပါသည္။
ပ်ိဳးေထာင္နည္း
ၾကက္ဟင္းခါးကို အေစ့မွတိုက္႐ိုက္စိုက္ေသာနည္းျဖင့္ စိုက္ပ်ိဳးၾကသည္။
စိုက္ပ်ိဳးနည္း
မိုးရာသီစိုက္အတြက္ ေမလႏွင့္ ဇြန္လမ်ားတြင္ စိုက္ပ်ိဳးၿပီး ေဆာင္းရာသီစိုက္အတြက္ ေအာက္တိုဘာႏွင့္ ႏိုဝင္ဘာလမ်ားတြင္ စိုက္ပ်ိဳးပါသည္။
စင္တင္စိုက္ပ်ိဳးနည္းတြင္ စိုက္ေဘာင္(သို႔) စိုက္က်င္းတြင္ တစ္ပင္ႏွင့္ တစ္ပင္ (၂)ေပခြာၿပီး မ်ိဳးေစ့တစ္က်င္းလွ်င္ (၃)ေစ့ခ်စိုက္ရပါမည္။ အသန္စြမ္းဆုံးအပင္တစ္ပင္ကိုသာခ်န္ၿပီး အပင္ကေလးမ်ားစင္ေပၚတြယ္တက္ႏိုင္ရန္ ဝါးျခမ္းကို ေထာင္ေပးရပါမည္။ အၫြန႔္စင္ေပၚေရာက္လွ်င္ လက္ျဖင့္ဆိတ္ေပးမွသာ အၫြန႔္မ်ားျဖာထြက္ၿပီး စင္ေပၚတက္ေပမည္။
စီးပြားျဖစ္စိုက္မည္ဆိုပါက တစ္တန္းႏွင့္တစ္တန္း (၅)ေပခြာၿပီး တစ္ပင္ႏွင့္တစ္ပင္(၃)ေပ ခြာ၍စိုက္ပ်ိဳးရန္လိုအပ္ပါသည္။
အခ်ိဳ႕ေတာင္သူမ်ားသည္ မိမိၿခံစည္း႐ိုးေဘးတြင္ အေစ့မ်ားပက္ႀကဲထားၿပီးအပင္မ်ားကို
ၿခံစည္း႐ိုးေပၚတြင္ သီးေစ၏။
တစ္ဧကမ်ိဳးေစ့ႏႈန္း
တစ္ဧကလွ်င္ မ်ိဳးေစ့ (၂ - ၃)ကီလိုဂရမ္လိုအပ္၏။ ၾကက္ဟင္းခါးေစ့ (၁၀၀)ဂရမ္လွ်င္ အေစ့ ေပါင္း (၇၀၀)ပါသည္။
ေရသြင္းနည္း
ျမန္မာျပည္အလယ္ပိုင္းတြင္ မိုးရာသီစိုက္ၾကက္ဟင္းခါးကိုအထူးေရသြင္းေပးရန္
မလိုပါ။ ေဆာင္းရာသီစိုက္ ၾကက္ဟင္းခါးတြင္မူ ေျမအေနအထားအရ (၁၀ - ၁၅)ရက္ၾကား ေရေပး ရန္လိုအပ္၏။
အပင္ျပဳစုနည္း
စီးပြားျဖစ္စိုက္ေသာ အကြက္မ်ားတြင္ အပင္ကေလးမ်ား ငယ္စဥ္ၾကားထြန္လိုက္ေပးရန္ လိုသည္။ အပင္မ်ားေျမတြင္ျဖာလာလွ်င္ ၾကားထြန္မလိုက္သင့္ေတာ့ေပ။ အျမစ္ႏွင့္ အၫြန႔္မ်ား ထိခိုက္ပါက အထြက္ထိခိုက္ႏိုင္၏။ အပင္ေျခရင္းေပါင္းမ်ားကိုမူ လက္ေပါင္းလိုက္ေပးသင့္ သည္။ ၾကက္ဟင္းခါးပင္မာ်း ပန္းစပြင့္လွ်င္အၫြန႔္မ်ားျဖတ္ေပးသင့္၏။ သို႔မွသာ အၫြန႔္ပိုမို ေဝဆာၿပီးအသီးပိုသီးမည္ျဖစ္၏။
အသီးဆြတ္ခူးနည္း
ၾကက္ဟင္းခါးသီးကို အပင္သက္ (၇၅ - ၉၂)ရက္ၾကာလွ်င္ဆြတ္ခူးႏိုင္သည္။ မရင့္မွည့္မီတြင္ ဆြတ္ခူးသင့္သည္။ ရင့္မွည့္ေသာအသီးမွ အေစ့မ်ားရင့္မာသြားလွ်င္ စားသုံးရန္မေကာင္းေခ်။ အသီးမ်ားကို မရင့္မီတစ္ရက္ျခားတစ္ႀကိမ္ဆြတ္ခူးသင့္၏။
အပင္အျပဳအစုေကာင္းၿပီး ေျမေကာင္းတြင္စိုက္ပါက ပိုမိုအထြက္ေကာင္းပါသည္။ တစ္ဧကကလွ်င္ ၾကက္ဟင္းခါးသီးလုံးေရ ( ၂၇၀၀၀ - ၃၀၀၀၀ ) ကီလိုဂရမ္ထြက္ႏိုင္ပါသည္။
သိုေလွာင္နည္း
ဆြတ္ခူးၿပီးေနာက္ၾကာရွည္စြာသိုေလွာင္၍မရေသာ
ေၾကာင့္ အသီးမ်ားကို ေဈးသို႔အျမန္ပို႔၍ ေရာင္းခ်
ရသည္။အေအးဓာတ္ရွိၿပီးေလဝင္ေလထြက္ေကာင္းေသာေနရာမ်ားတြင္ အေတာ္အသင့္သိုေလွာင္ထားႏိုင္ေပသည္။

သဲနှင့် ဆားငံရေမှ အစာအဟာရဖြစ်ထွန်းအောင် အစ္စရေးတို့သုံးခဲ့သော နည်းစနစ်များ


သဲနှင့် ဆားငံရေမှ အစာအဟာရဖြစ်ထွန်းအောင် လုပ်နိုင်သည်မှာ အစ္စရေးနိုင်ငံပင်ဖြစ်ပါသည်။ သဲကန္တာရဆိုသည်မှာ စိုက်ပျိုးမြေမဟုတ်သလို လူနေအပ်သောအရပ်လည်း မဟုတ်ပါ။ သို့သော်အစ္စရေးနိုင်ငံသည် ထိုကန္တာရမြေပေါ်တွင် လူသန်းပေါင်းများစွာစည်ကား သိုက်မြိုက်စွာ နေထိုင်လျှက်ရှိပြီးလယ်ဧကပေါင်းများစွာ ထွန်ယက်စိုက်ပျိုးနေကြပါသည်။
အစ္စရေးနိုင်ငံသည် သဲကန္တာရ စိုက်ပျိုးရေးနည်းသစ်ကို တီထွင်ပြီး သီးနှံစိုက်ပျိုးပင်များကို ဆားငံရေ လောင်းကြပါသည်။ ထိုဆားငံရည်သည် ရေချိုထက် ဆားဓါတ် အဆ (၂၀) ပိုမိုပါဝင်သည်သာမက ကန္တာရမြေပေါ်တွင် ဆားငံရေလောင်း၍ စိုက်ပျိုးသီနှံဖြစ်ထွန်းအောင်မြင်ခြင်းမှာ မယုံနိုင်စရာပင်ဖြစ်ပါသည်။သို့သော်အစ္စရေးနိုင်ငံတွင်ဆားငံရေဖြင့်စိုက်ပျိုးနိုင်ပါသည်။
အစ္စရေးနိုင်ငံတွင်လယ်သမားများ၊ စိုက်ပျိုးရေးသမားများ၊ တစ်နှစ်သုံးသီး စိုက်ပျိုးကြပြီး ဖရဲ၊ အာလူး၊ ခရမ်း၊ ငရုတ်၊ စွန်ပလွန်၊ ဘူးသီးနွယ် နှင့် ထောပတ်သီးများ သာမကအခြားသစ်သီးဝလံများ ဥရောပ ဈေးကွက်သို့ တင်ပို့ရောင်းချကြပါသည်။ တစ်ဧကလျှင် အသီးအနှံ တန် (၆၀) မျှ ထွက်ရှိပါသည်။ အမေရိကန်သည် အစ္စရေးသဲကန္တာရမြေ၏ စိုက်ပျိုးသီးနှံဖြစ်ထွန်းအောင်မြင်မှုကို အားရ သဘောကျ၍ လိုက်လုပ်ကြည့်သော်လည်း မအောင်မြင်ပါ။
အစ္စရေးနိုင်ငံတွင် မက်မုံသီး၊ ဆီးသီး၊ တရုပ်ဆီးသီး၊ နတ်သြဇာ၊ ချယ်ရီသီး အစရှိသည့် ရာသီ သီးနှံများဖြစ်ထွန်းအောင်မြင်ပြီး ဥရောပ ဈေးကွက်သို့ လက်မလည်အောင် တင်ပို့လျတ်ရှိပါသည်။ ဂျာမဏီ၊ အင်္ဂလန်၊ ပြင်သစ်နှင့် ဟော်လန်တိုင်းပြည်များကဲ့သို့ ပန်းပေါသော တိုင်းပြည်များသို့ လဲအစ္စရေးပန်းများ ဈေးကွက်ဖောက်ဝင်ပြီး အောင်မြင်လျက်ရှိပါသည်။ အစ္စရေးနိုင်ငံသည် ဟင်းသီးဟင်းရွက် သစ်သီးဝလံတို့ ကိုထုတ်လုပ်နိုင်သည်သာမက လယ်သမားများမှာတနှစ်လျင် သီးထပ် (၇)ထပ်မြောက် မျိုးစေ့ကြဲနိုင်သည်အထိဖြစ်သည်မှာ ကမ္ဘာက အံ့ဩအတုယူစရာပင်ဖြစ်ပါသည်။
အစာရေစာရှားပါးသည်ကို အစ္စရေးနိုင်ငံကအံ့ဩဖွယ်ရာဖြေရှင်းသည့်နည်းလမ်းများ အနက်ထင်ရှားကျော်ကြားသောနည်းလမ်းများမှာ
(၁) Drip irrigation

စိုက်ပျိုးရေးလုပ်ငန်းများတွင် ရေဆုံးရှုံးမှုလျော့နည်းလာစေရန်အတွက် စနစ်တကျတွက်ချက်၍ အစက်ချရေပေးနည်းစနစ် အသုံးပြုခြင်းကို ဆန်းသစ်တီထွင်ပြီး လုပ်ဆောင်ခဲ့သည့် အစ္စရေးနိုင်ငံ၏ စိုက်ပျိုးနည်းပညာပင်ဖြစ်ပါသည်။ အစ္စရေးနိုင်ငံ၏ စိုက်ပျိုးနည်းပညာအောင်မြင်မှုသည် ကမ္ဘာအနှံ့ လျင်မြန်စွာပြန့်နှံသွားပြီး ထင်ရှားသည့်သာဓကမှာ အာဖရိက၏ စိုက်ပျိုးအောင်မြင်မှုနှုန်း အင်မတန်နည်းပါးသည့် ဒေသတွင်းရှိ တောင်သူလယ်သမားများ၏ တစ်နှစ်တွင်သုံးကြိမ် သီးထပ်စိုက်ပျိုးနိုင်ခဲ့ခြင်းက ထင်ရှားစွာသက်သေထူလျက်ရှိပါသည်။
(၂) Grain cocoons

ရိတ်သိမ်းပြီးသားစပါး၊ ပြောင်း အစရှိသည်တို့ကို မှိုတက်ခြင်း၊ပိုးမွှားကြောင့်ပျက်စီးခြင်းမှ ကာကွယ်ဖို့ရန်သိုလှောင်မှုနည်းလမ်းသစ်ကို တီထွင်ခဲ့ခြင်းဖြစ်ပြီး သိုလှောင်မှုကုန်ကျစရိတ်သက်သာခြင်းကြောင့် အာရှနိုင်ငံများတွင်သာမက အာဖရိကအစရှိသည့် လယ်ယာစိုက်ပျိုးမှုပြုလုပ်သည့် နိုင်ငံများတွင် တောင်သူလယ်သမားများအတွက် လွယ်ကူသက်သာစွာ သုံးဆွဲနိုင်ခြင်းကြောင့် အင်မတန်အကျိုးရှိလှသောနည်းလမ်းပင်ဖြစ်ပါသည်။
(၃) Biological pest control

သဘာဝနည်းလမ်းဖြင့် အသီးအနှံများပိုးမွားကျရောက်ခြင်းမှ ကာကွယ်သည့်နည်းလမ်းဖြစ်ပြီး ယခုအခါတွင် Bio-Bee ကုမ္ပဏီသည် ဂျပန်မှစ၍ ချီလီအစရှိသည့်နိုင်ငံပေါင်း ၃၂ နိုင်ငံထိ လူသားအကျိုးပြုပိုးမွားများ၊ ပျားပိတုန်းများကိုဖြန့်ဝေပြီးဖြစ်ပါသည်။ ထင်ရှားသည့်သာဓကမှာ ကယ်လီဖိုးနီးယားမှ စတော်ဘယ်ရီသီးများ၏ ပိုးမွားကျရောက်ခြင်းကို တန်ပြန်လူသားအကျိုးပြုပိုးမွားများဖြင့် သစ်ပင်သီးနှံများကိုဆိုးကျိုးဖြစ်စေသည့်ပိုးမွားများ၏ရန်ကို ကာကွယ်ပေးခြင်းဖြစ်ပါသည်။ ထိုနည်းလမ်းကြောင့်အစ္စရေးနိုင်ငံတွင်း ငရုတ်ချိုစိုက်ပျိုးသည့်သူများ၏ ပိုးမွားရန်ကာကွယ်ရန်ဓာတုဗေဒပစ္စည်းများ ထုတ်လုပ်ထားသည့် ပိုးသတ်ဆေးများအသုံးပြုခြင်း ၇၅ရာခိုင်နှုန်းခန့်လျော့ချနိုင်ခဲ့ပါသည်။
(၄) Dairy farming

မွေးမြူရေးလုပ်ငန်း နဲ့ နို့ထွက်ပစ္စည်း အထွက်နှုန်းကောင်းအောင်လုပ်ဆောင်ခြင်း နည်းလမ်းဖြစ်ပြီး ယခုအခါတွင် SAE Afikim ကုမ္ပဏီသည် ကမ္ဘာပေါ်၌အကြီးဆုံးလို့ခေါ်ဆိုနိုင်သည့် နွားကောင်ရေပေါင်းသုံးသောင်းကို ခေတ်မှီကွန်ပြူတာနဲ့ မွေးမြူရေးနည်းလမ်းများသုံးပြီး မွေးမြူနိုင်ဖို့အတွက် ဗီယက်နမ်မှာလုပ်ဆောင်နေပြီးဖြစ်ပါသည်။ ထိုလုပ်ဆောင်မှုသည် ဗီယက်နမ်နိုင်ငံတွင်းရှိသည့်မွေးမြှူရေးလုပ်ငန်းကို အထောက်အကူဖြစ်စေပြီး နို့ထွက်ပစ္စည်းအထွက်နှုန်းလည်း မြင့်တက်လာစေရန်အတွက် ဖြစ်ပါသည်။ တရုတ်နိုင်ငံမှလည်း မွေးမြူရေးဆိုင်ရာလုပ်ငန်း အထွက်တိုးအောင်အစ္စရေးသို့ ပညာတော်သင်များစွာကို စေလွှတ်ပြီးဖြစ်ပါသည်။
(၅) Fishing in the desert

သဲကန္တာရတွင် ငါးမွေးမြှူခြင်းနည်းလမ်းဖြစ်ပါသည်။ ငါးမွေးမြူရာတွင် ပြင်ပ၌မွေးမြူလျင် ရောဂါ ကျရောက်ခြင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် သဘာဝဘေးကြုံရခြင်း အစရှိသည်တို့ ကြုံတွေ့နိုင်ပြီး တီထွင်ဆန်းသစ်သောနည်းလမ်းဖြင့် ယခုအခါတွင် တိုက်များ အတွင်းထဲ၌ မွေးမြူခြင်းသာမက မည်သည့်နေရာမဆို ငါးမွေးမြူနိုင်သည့် GFA (Grow Fish Anywhere) Advanced Systems ကိုအသုံးပြုပြီး မွေးမြူမှုနည်းလမ်းပင်ဖြစ်ပါသည်။
(၆) Squeezing every drop of water from the air

လေထုထဲမှ ရေညစ်ထုတ်ကာ အပင်စိုက်ခြင်းနည်းလမ်း ဖြစ်ပါသည် ရှေးခေတ်ကာလများတွင် ရေကိုကျောက်တုန်းများက ရယူအသုံးပြုသည့်နည်းလမ်းကို အစ္စရေးလူမျိုးတို့ အသုံးပြုခဲ့သော်လည်း ယခုအခါတွင် သာ၍တိုးတက်သောနည်းလမ်းသစ်များဖြင့် မိုးခေါင်ရေရှားပါးဒေသများတွင် လေထုထဲမှရေကို ရအောင်ထုတ်ယူသည့်နည်းလမ်းကိုအသုံးပြုခြင်းဖြစ်ပါသည်။ Tal-Ya tray ဟုအမည်တွင်ပြီး စိုက်ပျိုးရေးအတွက် ပြန်လည်သုံးစွဲနိုင်သည့် ရေခံပလတ်စတစ်ခွက်လေးများ ဖြစ်ပါသည်။
(၇) Growing potatoes with saltwater

ဆားငံရေဖြင့်အာလူးစိုက်ပျိုးခြင်း နည်းလမ်းဖြစ်ပါသည်။ အရှေ့အလယ်ပိုင်းကဲ့သို့ ပူပြင်းသောဒေသများတွင် စိုက်ပျိုးရန်မဖြစ်ထွန်းနိုင်သည့် အာလူးစိုက်ခြင်းကို နှစ်ပေါင်းသုံးဆယ်တိတိလေ့လာပြီး ယခုအခါတွင်ရေရှားပါးရာဒေသတွင် ပင်ဆားငံရေဖြင့် အာလူးစိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ဆောင်နိုင်ရန် တီထွင်သောနည်းလမ်းဖြစ်ပါသည်။ယခုအခါရေရှားပါးသည့်ဒေသများ၊ ခြောက်သွေ့သောအပူပိုင်းဒေသများတွင်ပါ အာလူးကိုစီးပွါးဖြစ်စိုက်ပျိုးနိုင်ကြပြီဖြစ်ပါသည်။
(မှတ်ချက်။ ။အစ္စရေးနိုင်ငံသည် စိုက်ပျိုးနည်းပညာမြင့်မားသောနိုင်ငံဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးဆိုင်ရာနည်းလမ်းများကို ထိုနိုင်ငံမှစနစ်တကျ သင်ယူနိုင်ပါက မြန်မာနိုင်ငံအတွက်အင်မတန်အကျိုးရှိနိုင်မည်ဖြစ်ပြီး အစာရေစာခေါင်းပါးမှုကို ဖြေရှင်းနိုင်ပါစေရန်အတွက် ရည်ရွယ်ပြီးဝေမျခြင်းဖြစ်ပါသည်။)
ရေးသားသူ – Ohn Mar Oo
OMO
Ref: israel21c.org


သဲႏွင့္ ဆားငံေရမွ အစာအဟာရျဖစ္ထြန္းေအာင္ အစၥေရးတို႔သုံးခဲ့ေသာ နည္းစနစ္မ်ား

သဲႏွင့္ ဆားငံေရမွ အစာအဟာရျဖစ္ထြန္းေအာင္ လုပ္ႏိုင္သည္မွာ အစၥေရးႏိုင္ငံပင္ျဖစ္ပါသည္။ သဲကႏၲာရဆိုသည္မွာ စိုက္ပ်ိဳးေျမမဟုတ္သလို လူေနအပ္ေသာအရပ္လည္း မဟုတ္ပါ။ သို႔ေသာ္အစၥေရးႏိုင္ငံသည္ ထိုကႏၲာရေျမေပၚတြင္ လူသန္းေပါင္းမ်ားစြာစည္ကား သိုက္ၿမိဳက္စြာ ေနထိုင္လွ်က္ရွိၿပီးလယ္ဧကေပါင္းမ်ားစြာ ထြန္ယက္စိုက္ပ်ိဳးေနၾကပါသည္။
အစၥေရးႏိုင္ငံသည္ သဲကႏၲာရ စိုက္ပ်ိဳးေရးနည္းသစ္ကို တီထြင္ၿပီး သီးႏွံစိုက္ပ်ိဳးပင္မ်ားကို ဆားငံေရ ေလာင္းၾကပါသည္။ ထိုဆားငံရည္သည္ ေရခ်ိဳထက္ ဆားဓါတ္ အဆ (၂၀) ပိုမိုပါဝင္သည္သာမက ကႏၲာရေျမေပၚတြင္ ဆားငံေရေလာင္း၍ စိုက္ပ်ိဳးသီႏွံျဖစ္ထြန္းေအာင္ျမင္ျခင္းမွာ မယုံႏိုင္စရာပင္ျဖစ္ပါသည္။သို႔ေသာ္အစၥေရးႏိုင္ငံတြင္ဆားငံေရျဖင့္စိုက္ပ်ိဳးႏိုင္ပါသည္။
အစၥေရးႏိုင္ငံတြင္လယ္သမားမ်ား၊ စိုက္ပ်ိဳးေရးသမားမ်ား၊ တစ္ႏွစ္သုံးသီး စိုက္ပ်ိဳးၾကၿပီး ဖရဲ၊ အာလူး၊ ခရမ္း၊ င႐ုတ္၊ စြန္ပလြန္၊ ဘူးသီးႏြယ္ ႏွင့္ ေထာပတ္သီးမ်ား သာမကအျခားသစ္သီးဝလံမ်ား ဥေရာပ ေဈးကြက္သို႔ တင္ပို႔ေရာင္းခ်ၾကပါသည္။ တစ္ဧကလွ်င္ အသီးအႏွံ တန္ (၆၀) မွ် ထြက္ရွိပါသည္။ အေမရိကန္သည္ အစၥေရးသဲကႏၲာရေျမ၏ စိုက္ပ်ိဳးသီးႏွံျဖစ္ထြန္းေအာင္ျမင္မႈကို အားရ သေဘာက်၍ လိုက္လုပ္ၾကည့္ေသာ္လည္း မေအာင္ျမင္ပါ။
အစၥေရးႏိုင္ငံတြင္ မက္မုံသီး၊ ဆီးသီး၊ တ႐ုပ္ဆီးသီး၊ နတ္ၾသဇာ၊ ခ်ယ္ရီသီး အစရွိသည့္ ရာသီ သီးႏွံမ်ားျဖစ္ထြန္းေအာင္ျမင္ၿပီး ဥေရာပ ေဈးကြက္သို႔ လက္မလည္ေအာင္ တင္ပို႔လ်တ္ရွိပါသည္။ ဂ်ာမဏီ၊ အဂၤလန္၊ ျပင္သစ္ႏွင့္ ေဟာ္လန္တိုင္းျပည္မ်ားကဲ့သို႔ ပန္းေပါေသာ တိုင္းျပည္မ်ားသို႔ လဲအစၥေရးပန္းမ်ား ေဈးကြက္ေဖာက္ဝင္ၿပီး ေအာင္ျမင္လ်က္ရွိပါသည္။ အစၥေရးႏိုင္ငံသည္ ဟင္းသီးဟင္း႐ြက္ သစ္သီးဝလံတို႔ ကိုထုတ္လုပ္ႏိုင္သည္သာမက လယ္သမားမ်ားမွာတႏွစ္လ်င္ သီးထပ္ (၇)ထပ္ေျမာက္ မ်ိဳးေစ့ႀကဲႏိုင္သည္အထိျဖစ္သည္မွာ ကမာၻက အံ့ဩအတုယူစရာပင္ျဖစ္ပါသည္။
အစာေရစာရွားပါးသည္ကို အစၥေရးႏိုင္ငံကအံ့ဩဖြယ္ရာေျဖရွင္းသည့္နည္းလမ္းမ်ား အနက္ထင္ရွားေက်ာ္ၾကားေသာနည္းလမ္းမ်ားမွာ
(၁) Drip irrigation
💭💭💭💭💭💭💭
စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္ ေရဆုံးရႈံးမႈေလ်ာ့နည္းလာေစရန္အတြက္ စနစ္တက်တြက္ခ်က္၍ အစက္ခ်ေရေပးနည္းစနစ္ အသုံးျပဳျခင္းကို ဆန္းသစ္တီထြင္ၿပီး လုပ္ေဆာင္ခဲ့သည့္ အစၥေရးႏိုင္ငံ၏ စိုက္ပ်ိဳးနည္းပညာပင္ျဖစ္ပါသည္။ အစၥေရးႏိုင္ငံ၏ စိုက္ပ်ိဳးနည္းပညာေအာင္ျမင္မႈသည္ ကမာၻအႏွံ႔ လ်င္ျမန္စြာျပန႔္ႏွံသြားၿပီး ထင္ရွားသည့္သာဓကမွာ အာဖရိက၏ စိုက္ပ်ိဳးေအာင္ျမင္မႈႏႈန္း အင္မတန္နည္းပါးသည့္ ေဒသတြင္းရွိ ေတာင္သူလယ္သမားမ်ား၏ တစ္ႏွစ္တြင္သုံးႀကိမ္ သီးထပ္စိုက္ပ်ိဳးႏိုင္ခဲ့ျခင္းက ထင္ရွားစြာသက္ေသထူလ်က္ရွိပါသည္။
(၂) Grain cocoons

ရိတ္သိမ္းၿပီးသားစပါး၊ ေျပာင္း အစရွိသည္တို႔ကို မႈိတက္ျခင္း၊ပိုးမႊားေၾကာင့္ပ်က္စီးျခင္းမွ ကာကြယ္ဖို႔ရန္သိုေလွာင္မႈနည္းလမ္းသစ္ကို တီထြင္ခဲ့ျခင္းျဖစ္ၿပီး သိုေလွာင္မႈကုန္က်စရိတ္သက္သာျခင္းေၾကာင့္ အာရွႏိုင္ငံမ်ားတြင္သာမက အာဖရိကအစရွိသည့္ လယ္ယာစိုက္ပ်ိဳးမႈျပဳလုပ္သည့္ ႏိုင္ငံမ်ားတြင္ ေတာင္သူလယ္သမားမ်ားအတြက္ လြယ္ကူသက္သာစြာ သုံးဆြဲႏိုင္ျခင္းေၾကာင့္ အင္မတန္အက်ိဳးရွိလွေသာနည္းလမ္းပင္ျဖစ္ပါသည္။
(၃) Biological pest control

သဘာဝနည္းလမ္းျဖင့္ အသီးအႏွံမ်ားပိုးမြားက်ေရာက္ျခင္းမွ ကာကြယ္သည့္နည္းလမ္းျဖစ္ၿပီး ယခုအခါတြင္ Bio-Bee ကုမၸဏီသည္ ဂ်ပန္မွစ၍ ခ်ီလီအစရွိသည့္ႏိုင္ငံေပါင္း ၃၂ ႏိုင္ငံထိ လူသားအက်ိဳးျပဳပိုးမြားမ်ား၊ ပ်ားပိတုန္းမ်ားကိုျဖန႔္ေဝၿပီးျဖစ္ပါသည္။ ထင္ရွားသည့္သာဓကမွာ ကယ္လီဖိုးနီးယားမွ စေတာ္ဘယ္ရီသီးမ်ား၏ ပိုးမြားက်ေရာက္ျခင္းကို တန္ျပန္လူသားအက်ိဳးျပဳပိုးမြားမ်ားျဖင့္ သစ္ပင္သီးႏွံမ်ားကိုဆိုးက်ိဳးျဖစ္ေစသည့္ပိုးမြားမ်ား၏ရန္ကို ကာကြယ္ေပးျခင္းျဖစ္ပါသည္။ ထိုနည္းလမ္းေၾကာင့္အစၥေရးႏိုင္ငံတြင္း င႐ုတ္ခ်ိဳစိုက္ပ်ိဳးသည့္သူမ်ား၏ ပိုးမြားရန္ကာကြယ္ရန္ဓာတုေဗဒပစၥည္းမ်ား ထုတ္လုပ္ထားသည့္ ပိုးသတ္ေဆးမ်ားအသုံးျပဳျခင္း ၇၅ရာခိုင္ႏႈန္းခန႔္ေလ်ာ့ခ်ႏိုင္ခဲ့ပါသည္။
(၄) Dairy farming

ေမြးျမဴေရးလုပ္ငန္း နဲ႔ ႏို႔ထြက္ပစၥည္း အထြက္ႏႈန္းေကာင္းေအာင္လုပ္ေဆာင္ျခင္း နည္းလမ္းျဖစ္ၿပီး ယခုအခါတြင္ SAE Afikim ကုမၸဏီသည္ ကမာၻေပၚ၌အႀကီးဆုံးလို႔ေခၚဆိုႏိုင္သည့္ ႏြားေကာင္ေရေပါင္းသုံးေသာင္းကို ေခတ္မွီကြန္ျပဴတာနဲ႔ ေမြးျမဴေရးနည္းလမ္းမ်ားသုံးၿပီး ေမြးျမဴႏိုင္ဖို႔အတြက္ ဗီယက္နမ္မွာလုပ္ေဆာင္ေနၿပီးျဖစ္ပါသည္။ ထိုလုပ္ေဆာင္မႈသည္ ဗီယက္နမ္ႏိုင္ငံတြင္းရွိသည့္ေမြးျမႇဴေရးလုပ္ငန္းကို အေထာက္အကူျဖစ္ေစၿပီး ႏို႔ထြက္ပစၥည္းအထြက္ႏႈန္းလည္း ျမင့္တက္လာေစရန္အတြက္ ျဖစ္ပါသည္။ တ႐ုတ္ႏိုင္ငံမွလည္း ေမြးျမဴေရးဆိုင္ရာလုပ္ငန္း အထြက္တိုးေအာင္အစၥေရးသို႔ ပညာေတာ္သင္မ်ားစြာကို ေစလႊတ္ၿပီးျဖစ္ပါသည္။
(၅) Fishing in the desert

သဲကႏၲာရတြင္ ငါးေမြးျမႇဴျခင္းနည္းလမ္းျဖစ္ပါသည္။ ငါးေမြးျမဴရာတြင္ ျပင္ပ၌ေမြးျမဴလ်င္ ေရာဂါ က်ေရာက္ျခင္း၊ ရာသီဥတုေဖာက္ျပန္မႈေၾကာင့္ သဘာဝေဘးႀကဳံရျခင္း အစရွိသည္တို႔ ႀကဳံေတြ႕ႏိုင္ၿပီး တီထြင္ဆန္းသစ္ေသာနည္းလမ္းျဖင့္ ယခုအခါတြင္ တိုက္မ်ား အတြင္းထဲ၌ ေမြးျမဴျခင္းသာမက မည္သည့္ေနရာမဆို ငါးေမြးျမဴႏိုင္သည့္ GFA (Grow Fish Anywhere) Advanced Systems ကိုအသုံးျပဳၿပီး ေမြးျမဴမႈနည္းလမ္းပင္ျဖစ္ပါသည္။
(၆) Squeezing every drop of water from the air

ေလထုထဲမွ ေရညစ္ထုတ္ကာ အပင္စိုက္ျခင္းနည္းလမ္း ျဖစ္ပါသည္ ေရွးေခတ္ကာလမ်ားတြင္ ေရကိုေက်ာက္တုန္းမ်ားက ရယူအသုံးျပဳသည့္နည္းလမ္းကို အစၥေရးလူမ်ိဳးတို႔ အသုံးျပဳခဲ့ေသာ္လည္း ယခုအခါတြင္ သာ၍တိုးတက္ေသာနည္းလမ္းသစ္မ်ားျဖင့္ မိုးေခါင္ေရရွားပါးေဒသမ်ားတြင္ ေလထုထဲမွေရကို ရေအာင္ထုတ္ယူသည့္နည္းလမ္းကိုအသုံးျပဳျခင္းျဖစ္ပါသည္။ Tal-Ya tray ဟုအမည္တြင္ၿပီး စိုက္ပ်ိဳးေရးအတြက္ ျပန္လည္သုံးစြဲႏိုင္သည့္ ေရခံပလတ္စတစ္ခြက္ေလးမ်ား ျဖစ္ပါသည္။
(၇) Growing potatoes with saltwater
💭💭💭💭💭💭💭💭💭💭💭💭💭💭
ဆားငံေရျဖင့္အာလူးစိုက္ပ်ိဳးျခင္း နည္းလမ္းျဖစ္ပါသည္။ အေရွ႕အလယ္ပိုင္းကဲ့သို႔ ပူျပင္းေသာေဒသမ်ားတြင္ စိုက္ပ်ိဳးရန္မျဖစ္ထြန္းႏိုင္သည့္ အာလူးစိုက္ျခင္းကို ႏွစ္ေပါင္းသုံးဆယ္တိတိေလ့လာၿပီး ယခုအခါတြင္ေရရွားပါးရာေဒသတြင္ ပင္ဆားငံေရျဖင့္ အာလူးစိုက္ပ်ိဳးျခင္းလုပ္ငန္းကို လုပ္ေဆာင္ႏိုင္ရန္ တီထြင္ေသာနည္းလမ္းျဖစ္ပါသည္။ယခုအခါေရရွားပါးသည့္ေဒသမ်ား၊ ေျခာက္ေသြ႕ေသာအပူပိုင္းေဒသမ်ားတြင္ပါ အာလူးကိုစီးပြါးျဖစ္စိုက္ပ်ိဳးႏိုင္ၾကၿပီျဖစ္ပါသည္။
(မွတ္ခ်က္။ ။အစၥေရးႏိုင္ငံသည္ စိုက္ပ်ိဳးနည္းပညာျမင့္မားေသာႏိုင္ငံျဖစ္ၿပီး စိုက္ပ်ိဳးေမြးျမဴေရးဆိုင္ရာနည္းလမ္းမ်ားကို ထိုႏိုင္ငံမွစနစ္တက် သင္ယူႏိုင္ပါက ျမန္မာႏိုင္ငံအတြက္အင္မတန္အက်ိဳးရွိႏိုင္မည္ျဖစ္ၿပီး အစာေရစာေခါင္းပါးမႈကို ေျဖရွင္းႏိုင္ပါေစရန္အတြက္ ရည္႐ြယ္ၿပီးေဝမ်ျခင္းျဖစ္ပါသည္။)
ေရးသားသူ – Ohn Mar Oo
OMO
Ref: israel21c.org