ျကက္ဟင္းခါး စနစ္တက်စိုက္ပ်ိဳးနည္း

ad300
Advertisement
ယူနီကုတ္ဆေးဖက်ဝင် ကြက်ဟင်းခါး စနစ်တကျစိုက်ပျိုးနည်း

ကြက်ဟင်းခါးသီးကို မျိုးသေချာခွဲခြားထားခြင်းမရှိပါ။ အသီး၏ အရွယ်ကို လိုက်ပြီး အပုမျိုး၊ အရှည်မျိုး နှင့် အလုံးမျိုးဟုသာ ခေါ်ကြပါသည်။ အပုမျိုးသည် (၇ - ၁၀) စင်တီမီတာရှိပြီး အရှည်မျိုးသည် (၁၅ - ၁၈) စင်တီမီတာအထိရှည်ပါသည်။ အလုံးမျိုးမှာမူ ကြက်ဟင်းခါးသီးအရိုင်းမှ သီးသောမျိုးဖြစ်ပြီး လေးသောအရသာရှိ၍ အချို့သော တောင်သူများ အထူးကြိုက်နှစ်သက်ကြသည်။ အသီးမှာ အဖြူရောင်၊
အစိမ်းရောင်ရှိနိုင်သည်။
စိုက်ပျိုးသည့် ဒေသ
ကြက်ဟင်းခါးပင်သည် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ တောင် ပေါ်အေးသော အရပ်များတွင်မူ နွေရာသီတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။
ရေမြေရာသီဥတု
ကြက်ဟင်းခါးပင်သည် ရေစီးရေလာကောင်းမွန်ပြီး မြေသြဇာဓာတ် အသင့်အတင့်ရှိသော နေရာများတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။ သဲနုန်းမြေ၊ နုန်းစနယ်မြေ၊
နုန်းမြေများတွင်လည်း များစွာဖြစ်ထွန်းပါသည်။
မြေပြုပြင်နည်း
ကြက်ဟင်းခါးကို စီးပွားဖြစ်စိုက်ပျိုးရန်အတွက် ထယ်တစ်စပ်ထိုးပြီး ထွန်(၆)စပ် မှ (၈)စပ်အထိ ထယ်ရေးကောင်းရသည့်တိုင် ထွန်ယက်ပေးပြီးနောက် ကြမ်းတုံးရိုက်ရမည်။ ထို့နောက် လေးကွက်ကြား စိုက်နိုင်ရန် တစ်တန်းနှင့် တစ်တန်း (၅)ပေ၊
တစ်ပင်နှင့် တစ်ပင် (၃)ပေရစေရန် ထွန်ဖြင့်ကြောင်းဆွဲပေးရမည်။
စင်တင်စိုက်ရန် စိုက်ဘောင်များပြုလုပ်ပေးရမည်။ အလျားပေ (၂၀)၊ အနံ (၃)ပေ၊ ရှိသော မြေကွက်ကို ပေါက်တူးဖြင့် တူးဆ၍ မြေဆွေးဖြင့် ဆတူရောစပ်ပြီး
အမြင့် ( ၁ - ၁.၅) ပေခွဲရှိစိုက်ဘောင်ပြုလုပ်ပေးရမည်။ စိုက်ကျင်းပြုလုပ်၍လည်း စိုက်ပျိုးနိုင်ပါသည်။
မြေသြဇာကျွေးနည်း
နွားချေးမြေသြဇာကို တစ်ဧကလျှင် (၁၀ - ၁၅)တန်ထိ ထည့်ပေးရန်လိုအပ်ပြီး ယူရီးယားဓာတ်မြေသြဇာကို (၂၂၄) ပေါင်နှုန်းထည့်ပေးရန် လိုအပ်သည်။
ဓာတ်မြေသြဇာကို ထည့်ရာတွင် မြေကြီးနှင့် သမသည့်တိုင် ရောမွှေထွန်ယက်
ပေးရန်အရေးကြီးပါသည်။ တီစူပါဓာတ်မြေသြဇာ တစ်ဧကလျှင် (၁၁၂)ပေါင်နှုန်း
ထည့်ပေးရန်လိုပါသည်။
ပျိုးထောင်နည်း
ကြက်ဟင်းခါးကို အစေ့မှတိုက်ရိုက်စိုက်သောနည်းဖြင့် စိုက်ပျိုးကြသည်။
စိုက်ပျိုးနည်း
မိုးရာသီစိုက်အတွက် မေလနှင့် ဇွန်လများတွင် စိုက်ပျိုးပြီး ဆောင်းရာသီစိုက်အတွက် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပါသည်။
စင်တင်စိုက်ပျိုးနည်းတွင် စိုက်ဘောင်(သို့) စိုက်ကျင်းတွင် တစ်ပင်နှင့် တစ်ပင် (၂)ပေခွာပြီး မျိုးစေ့တစ်ကျင်းလျှင် (၃)စေ့ချစိုက်ရပါမည်။ အသန်စွမ်းဆုံးအပင်တစ်ပင်ကိုသာချန်ပြီး အပင်ကလေးများစင်ပေါ်တွယ်တက်နိုင်ရန် ဝါးခြမ်းကို ထောင်ပေးရပါမည်။ အညွန့်စင်ပေါ်ရောက်လျှင် လက်ဖြင့်ဆိတ်ပေးမှသာ အညွန့်များဖြာထွက်ပြီး စင်ပေါ်တက်ပေမည်။
စီးပွားဖြစ်စိုက်မည်ဆိုပါက တစ်တန်းနှင့်တစ်တန်း (၅)ပေခွာပြီး တစ်ပင်နှင့်တစ်ပင်(၃)ပေ ခွာ၍စိုက်ပျိုးရန်လိုအပ်ပါသည်။
အချို့တောင်သူများသည် မိမိခြံစည်းရိုးဘေးတွင် အစေ့များပက်ကြဲထားပြီးအပင်များကို
ခြံစည်းရိုးပေါ်တွင် သီးစေ၏။
တစ်ဧကမျိုးစေ့နှုန်း
တစ်ဧကလျှင် မျိုးစေ့ (၂ - ၃)ကီလိုဂရမ်လိုအပ်၏။ ကြက်ဟင်းခါးစေ့ (၁၀၀)ဂရမ်လျှင် အစေ့ ပေါင်း (၇၀၀)ပါသည်။
ရေသွင်းနည်း
မြန်မာပြည်အလယ်ပိုင်းတွင် မိုးရာသီစိုက်ကြက်ဟင်းခါးကိုအထူးရေသွင်းပေးရန်
မလိုပါ။ ဆောင်းရာသီစိုက် ကြက်ဟင်းခါးတွင်မူ မြေအနေအထားအရ (၁၀ - ၁၅)ရက်ကြား ရေပေး ရန်လိုအပ်၏။
အပင်ပြုစုနည်း
စီးပွားဖြစ်စိုက်သော အကွက်များတွင် အပင်ကလေးများ ငယ်စဉ်ကြားထွန်လိုက်ပေးရန် လိုသည်။ အပင်များမြေတွင်ဖြာလာလျှင် ကြားထွန်မလိုက်သင့်တော့ပေ။ အမြစ်နှင့် အညွန့်များ ထိခိုက်ပါက အထွက်ထိခိုက်နိုင်၏။ အပင်ခြေရင်းပေါင်းများကိုမူ လက်ပေါင်းလိုက်ပေးသင့် သည်။ ကြက်ဟင်းခါးပင်မာျး ပန်းစပွင့်လျှင်အညွန့်များဖြတ်ပေးသင့်၏။ သို့မှသာ အညွန့်ပိုမို ဝေဆာပြီးအသီးပိုသီးမည်ဖြစ်၏။
အသီးဆွတ်ခူးနည်း
ကြက်ဟင်းခါးသီးကို အပင်သက် (၇၅ - ၉၂)ရက်ကြာလျှင်ဆွတ်ခူးနိုင်သည်။ မရင့်မှည့်မီတွင် ဆွတ်ခူးသင့်သည်။ ရင့်မှည့်သောအသီးမှ အစေ့များရင့်မာသွားလျှင် စားသုံးရန်မကောင်းချေ။ အသီးများကို မရင့်မီတစ်ရက်ခြားတစ်ကြိမ်ဆွတ်ခူးသင့်၏။
အပင်အပြုအစုကောင်းပြီး မြေကောင်းတွင်စိုက်ပါက ပိုမိုအထွက်ကောင်းပါသည်။ တစ်ဧကကလျှင် ကြက်ဟင်းခါးသီးလုံးရေ ( ၂၇၀၀၀ - ၃၀၀၀၀ ) ကီလိုဂရမ်ထွက်နိုင်ပါသည်။
သိုလှောင်နည်း
ဆွတ်ခူးပြီးနောက်ကြာရှည်စွာသိုလှောင်၍မရသော
ကြောင့် အသီးများကို ဈေးသို့အမြန်ပို့၍ ရောင်းချ
ရသည်။အအေးဓာတ်ရှိပြီးလေဝင်လေထွက်ကောင်းသောနေရာများတွင် အတော်အသင့်သိုလှောင်ထားနိုင်ပေသည်။



ေဆးဖက္ဝင္ ၾကက္ဟင္းခါး စနစ္တက်စိုက္ပ်ိဳးနည္း

ၾကက္ဟင္းခါးသီးကို မ်ိဳးေသခ်ာခြဲျခားထားျခင္းမရွိပါ။ အသီး၏ အ႐ြယ္ကို လိုက္ၿပီး အပုမ်ိဳး၊ အရွည္မ်ိဳး ႏွင့္ အလုံးမ်ိဳးဟုသာ ေခၚၾကပါသည္။ အပုမ်ိဳးသည္ (၇ - ၁၀) စင္တီမီတာရွိၿပီး အရွည္မ်ိဳးသည္ (၁၅ - ၁၈) စင္တီမီတာအထိရွည္ပါသည္။ အလုံးမ်ိဳးမွာမူ ၾကက္ဟင္းခါးသီးအ႐ိုင္းမွ သီးေသာမ်ိဳးျဖစ္ၿပီး ေလးေသာအရသာရွိ၍ အခ်ိဳ႕ေသာ ေတာင္သူမ်ား အထူးႀကိဳက္ႏွစ္သက္ၾကသည္။ အသီးမွာ အျဖဴေရာင္၊
အစိမ္းေရာင္ရွိႏိုင္သည္။
စိုက္ပ်ိဳးသည့္ ေဒသ
ၾကက္ဟင္းခါးပင္သည္ ပူေႏြးေသာ ရာသီဥတုကို ႀကိဳက္ႏွစ္သက္သည္။ ေတာင္ ေပၚေအးေသာ အရပ္မ်ားတြင္မူ ေႏြရာသီတြင္ စိုက္ပ်ိဳးျဖစ္ထြန္းပါသည္။
ေရေျမရာသီဥတု
ၾကက္ဟင္းခါးပင္သည္ ေရစီးေရလာေကာင္းမြန္ၿပီး ေျမၾသဇာဓာတ္ အသင့္အတင့္ရွိေသာ ေနရာမ်ားတြင္ စိုက္ပ်ိဳးျဖစ္ထြန္းပါသည္။ သဲႏုန္းေျမ၊ ႏုန္းစနယ္ေျမ၊
ႏုန္းေျမမ်ားတြင္လည္း မ်ားစြာျဖစ္ထြန္းပါသည္။
ေျမျပဳျပင္နည္း
ၾကက္ဟင္းခါးကို စီးပြားျဖစ္စိုက္ပ်ိဳးရန္အတြက္ ထယ္တစ္စပ္ထိုးၿပီး ထြန္(၆)စပ္ မွ (၈)စပ္အထိ ထယ္ေရးေကာင္းရသည့္တိုင္ ထြန္ယက္ေပးၿပီးေနာက္ ၾကမ္းတုံး႐ိုက္ရမည္။ ထို႔ေနာက္ ေလးကြက္ၾကား စိုက္ႏိုင္ရန္ တစ္တန္းႏွင့္ တစ္တန္း (၅)ေပ၊
တစ္ပင္ႏွင့္ တစ္ပင္ (၃)ေပရေစရန္ ထြန္ျဖင့္ေၾကာင္းဆြဲေပးရမည္။
စင္တင္စိုက္ရန္ စိုက္ေဘာင္မ်ားျပဳလုပ္ေပးရမည္။ အလ်ားေပ (၂၀)၊ အနံ (၃)ေပ၊ ရွိေသာ ေျမကြက္ကို ေပါက္တူးျဖင့္ တူးဆ၍ ေျမေဆြးျဖင့္ ဆတူေရာစပ္ၿပီး
အျမင့္ ( ၁ - ၁.၅) ေပခြဲရွိစိုက္ေဘာင္ျပဳလုပ္ေပးရမည္။ စိုက္က်င္းျပဳလုပ္၍လည္း စိုက္ပ်ိဳးႏိုင္ပါသည္။
ေျမၾသဇာေကြၽးနည္း
ႏြားေခ်းေျမၾသဇာကို တစ္ဧကလွ်င္ (၁၀ - ၁၅)တန္ထိ ထည့္ေပးရန္လိုအပ္ၿပီး ယူရီးယားဓာတ္ေျမၾသဇာကို (၂၂၄) ေပါင္ႏႈန္းထည့္ေပးရန္ လိုအပ္သည္။
ဓာတ္ေျမၾသဇာကို ထည့္ရာတြင္ ေျမႀကီးႏွင့္ သမသည့္တိုင္ ေရာေမႊထြန္ယက္
ေပးရန္အေရးႀကီးပါသည္။ တီစူပါဓာတ္ေျမၾသဇာ တစ္ဧကလွ်င္ (၁၁၂)ေပါင္ႏႈန္း
ထည့္ေပးရန္လိုပါသည္။
ပ်ိဳးေထာင္နည္း
ၾကက္ဟင္းခါးကို အေစ့မွတိုက္႐ိုက္စိုက္ေသာနည္းျဖင့္ စိုက္ပ်ိဳးၾကသည္။
စိုက္ပ်ိဳးနည္း
မိုးရာသီစိုက္အတြက္ ေမလႏွင့္ ဇြန္လမ်ားတြင္ စိုက္ပ်ိဳးၿပီး ေဆာင္းရာသီစိုက္အတြက္ ေအာက္တိုဘာႏွင့္ ႏိုဝင္ဘာလမ်ားတြင္ စိုက္ပ်ိဳးပါသည္။
စင္တင္စိုက္ပ်ိဳးနည္းတြင္ စိုက္ေဘာင္(သို႔) စိုက္က်င္းတြင္ တစ္ပင္ႏွင့္ တစ္ပင္ (၂)ေပခြာၿပီး မ်ိဳးေစ့တစ္က်င္းလွ်င္ (၃)ေစ့ခ်စိုက္ရပါမည္။ အသန္စြမ္းဆုံးအပင္တစ္ပင္ကိုသာခ်န္ၿပီး အပင္ကေလးမ်ားစင္ေပၚတြယ္တက္ႏိုင္ရန္ ဝါးျခမ္းကို ေထာင္ေပးရပါမည္။ အၫြန႔္စင္ေပၚေရာက္လွ်င္ လက္ျဖင့္ဆိတ္ေပးမွသာ အၫြန႔္မ်ားျဖာထြက္ၿပီး စင္ေပၚတက္ေပမည္။
စီးပြားျဖစ္စိုက္မည္ဆိုပါက တစ္တန္းႏွင့္တစ္တန္း (၅)ေပခြာၿပီး တစ္ပင္ႏွင့္တစ္ပင္(၃)ေပ ခြာ၍စိုက္ပ်ိဳးရန္လိုအပ္ပါသည္။
အခ်ိဳ႕ေတာင္သူမ်ားသည္ မိမိၿခံစည္း႐ိုးေဘးတြင္ အေစ့မ်ားပက္ႀကဲထားၿပီးအပင္မ်ားကို
ၿခံစည္း႐ိုးေပၚတြင္ သီးေစ၏။
တစ္ဧကမ်ိဳးေစ့ႏႈန္း
တစ္ဧကလွ်င္ မ်ိဳးေစ့ (၂ - ၃)ကီလိုဂရမ္လိုအပ္၏။ ၾကက္ဟင္းခါးေစ့ (၁၀၀)ဂရမ္လွ်င္ အေစ့ ေပါင္း (၇၀၀)ပါသည္။
ေရသြင္းနည္း
ျမန္မာျပည္အလယ္ပိုင္းတြင္ မိုးရာသီစိုက္ၾကက္ဟင္းခါးကိုအထူးေရသြင္းေပးရန္
မလိုပါ။ ေဆာင္းရာသီစိုက္ ၾကက္ဟင္းခါးတြင္မူ ေျမအေနအထားအရ (၁၀ - ၁၅)ရက္ၾကား ေရေပး ရန္လိုအပ္၏။
အပင္ျပဳစုနည္း
စီးပြားျဖစ္စိုက္ေသာ အကြက္မ်ားတြင္ အပင္ကေလးမ်ား ငယ္စဥ္ၾကားထြန္လိုက္ေပးရန္ လိုသည္။ အပင္မ်ားေျမတြင္ျဖာလာလွ်င္ ၾကားထြန္မလိုက္သင့္ေတာ့ေပ။ အျမစ္ႏွင့္ အၫြန႔္မ်ား ထိခိုက္ပါက အထြက္ထိခိုက္ႏိုင္၏။ အပင္ေျခရင္းေပါင္းမ်ားကိုမူ လက္ေပါင္းလိုက္ေပးသင့္ သည္။ ၾကက္ဟင္းခါးပင္မာ်း ပန္းစပြင့္လွ်င္အၫြန႔္မ်ားျဖတ္ေပးသင့္၏။ သို႔မွသာ အၫြန႔္ပိုမို ေဝဆာၿပီးအသီးပိုသီးမည္ျဖစ္၏။
အသီးဆြတ္ခူးနည္း
ၾကက္ဟင္းခါးသီးကို အပင္သက္ (၇၅ - ၉၂)ရက္ၾကာလွ်င္ဆြတ္ခူးႏိုင္သည္။ မရင့္မွည့္မီတြင္ ဆြတ္ခူးသင့္သည္။ ရင့္မွည့္ေသာအသီးမွ အေစ့မ်ားရင့္မာသြားလွ်င္ စားသုံးရန္မေကာင္းေခ်။ အသီးမ်ားကို မရင့္မီတစ္ရက္ျခားတစ္ႀကိမ္ဆြတ္ခူးသင့္၏။
အပင္အျပဳအစုေကာင္းၿပီး ေျမေကာင္းတြင္စိုက္ပါက ပိုမိုအထြက္ေကာင္းပါသည္။ တစ္ဧကကလွ်င္ ၾကက္ဟင္းခါးသီးလုံးေရ ( ၂၇၀၀၀ - ၃၀၀၀၀ ) ကီလိုဂရမ္ထြက္ႏိုင္ပါသည္။
သိုေလွာင္နည္း
ဆြတ္ခူးၿပီးေနာက္ၾကာရွည္စြာသိုေလွာင္၍မရေသာ
ေၾကာင့္ အသီးမ်ားကို ေဈးသို႔အျမန္ပို႔၍ ေရာင္းခ်
ရသည္။အေအးဓာတ္ရွိၿပီးေလဝင္ေလထြက္ေကာင္းေသာေနရာမ်ားတြင္ အေတာ္အသင့္သိုေလွာင္ထားႏိုင္ေပသည္။

Share This
Previous Post
Next Post

Pellentesque vitae lectus in mauris sollicitudin ornare sit amet eget ligula. Donec pharetra, arcu eu consectetur semper, est nulla sodales risus, vel efficitur orci justo quis tellus. Phasellus sit amet est pharetra

0 မိတ္ေဆြတို႔ရဲ႕စကားသံမ်ား-:

အားပေးမွုကိုအထူးပင္ က်ေးဇူးတင္ရွိပါတယ္