သစ္ခြပင္စိုက္ပ်ိဳးနည္း

ad300
Advertisement
ယူနီကုတ္စီးပွားဖြစ် သစ်ခွပင်စိုက်ပျိုးနည်း

သစ်ခွကို အိုးစနစ်၊ခြင်းစနစ်၊ တိုင်ထောင်စနစ်၊ ချိတ်ဆွဲစနစ်၊အပင်ကြီးတွင် တွယ်ကပ်စနစ်၊ စင်တန်းစနစ် စသည့် စနစ်အမျိုးမျိုး ဆောင်ရွက်နိုင်သည်။
ဤစနစ်အမျိုးမျိုးများအနက် လက်ရှိအောင်မြင်နိုင်ပြီး စီးပွားရေးတွက်ခြေကိုက်နိုင်သောစနစ် မှာ စင်တန်းစနစ်ဖြစ်သည်။သို့အတွက် သစ်ခွစိုက်ရန် သစ်ခွရုံ၊သစ်ခွစင် ဦးစွာဆောက်လုပ်ရမည်။ သစ်ခွသည် မူလတောဂနိုင် စိမ့်စမ်းမြိုင်ထဲကပတ်ဝန်းကျင် သဘာဝအခြေအနေအတိုင်းထူထောင်ဖန်တီးပေးနိုင်မှသာ ဖွံ့ဖြိုးကြီးထွားနိုင်သည်။
သို့မဟုတ်လျှင် ဖြစ်ထွန်းမှုနှေးကွေးပြီး ကြန့်ကြာနိုင်သည်။ သစ်ခွစင်တန်းများ ပတ်ဝန်းကျင်တွင် သူ့သဘာဝစိုထိုင်းဆနှင့် ပတ်ဝန်းကျင်ရရှိအောင်အပေါ်မှ Hori Net ဖြင့် မိုးပေးရသည်။သစ်ခွရုံသည် အလင်းရောင်လုံလောက်စွာရရှိရသည်။ လေဝင်လေထွက် ကောင်းမွန်ရမည်။ သို့အတွက် အမိုးကို မမြင့်လွန်းမနိမ့်လွန်း မိုးပေးရသည်။ သစ်ခွစင်တန်းများ ပတ်ဝန်းကျင်တွင် စိုထိုင်းဆ ၂၀ မှ၂၅ ရာခိုင်နှုန်းရှိအောင် ပြုပြင်ဖန်တီးပေးရန်လိုအပ်သည်။
သစ်ခွစင်တန်း တည်ဆောက်ရာတွင်ထိပ်အကျယ် လေးပေ၊ အရှည် ပေ ၁၀၀၊အမြင့် သုံးပေ၊ ခြောက်ပေ နှစ်ထပ်စင်ဆောက်ရသည်။ စင်ပေါ်တွင် သစ်သားတန်း တစ်တန်းနှင့်တစ်တန်း ၁၀ လက်မခြား ကန့်လန့်ရိုက်ရသည်။ စင်တစ်စင်နှင့်တစ်စင်ကြား လူသွားလမ်း သုံးပေခွဲချန်ထားပေးရသည်။ အပင်ပြုစုစောင့်ရှောက်ထိန်းသိမ်း နိုင်ရန် ဖြစ်သည်။ စင်အောက်တွင် စိုထိုင်းဆကောင်းပြီး စိမ့်အေးနေစေရန် အနက်လေးလက်မတူးပြီး ၎င်းထဲသို့ အုန်းဆံမှုန့်၊ စက်ဖွဲပြာ၊ သဲစသည်များ ဖြန့်ခင်းပေးထားရမည်။ စင်တွင်အသုံးပြုသော သစ်သားများတွင် မှိုရောဂါများ ကပ်ပါလာနိုင်သဖြင့် စင်ဆောက်ပြီးပါက မှိုသတ်ဆေးဖျန်းပေးရန် လိုအပ်သည်။
သစ်ခွမျိုးပွားရန်နှင့်စိုက်ပျိုးရန်အတွက် အသုံးပြုမည့် အုန်းဆံခွံများကို မှိုသတ်ဆေးနှင့် ဘီ ၁(B1)အားဆေး ဖျော်စပ်ထားသော ဆေးရည်တွင် တစ်ပတ်ခန့်စိမ် ပေးရသည်။ ဤသို့စိမ်လိုက်ပါက ရောဂါလည်းကင်းမည်။ အုန်းဆံခွံများလည်း ပွလာမည်။ အုန်းဆံခွံများကို အမြစ်တွယ်ကပ်အားကောင်းစေရန် အမြစ်ကုပ်မြန်စေရန် ပွနေအောင် ထုပြီးမှ အသုံးပြုရန် လိုအပ်သည်။
သစ်ခွစင်နှင့် သစ်ခွရုံဆောက်ပြီးပါက သစ်ခွပင်များ မစိုက်ပျိုးမီ သစ်ခွစင်များနှင့် အောက်ကြမ်းခင်းတွေပါ အားလုံးစိုရွှဲပြီး ရေဝနေစေရန် ဖျန်းပြီးမှ စိုက်ပျိုးရန်လိုအပ်သည်။
စိုက်ပျိုးသည့်အခါ သစ်ခွပျိုးပင်အမြစ်ဇုန်ကို စင်ဘေးရှိ တန်းနှင့်မြဲနေအောင် ချည်နှောင်ပြီး တွယ်ကပ်စိုက်ပျိုးမိရန် သတိပြုရသည်။ သို့မဟုတ်လျှင် တော်တော်နှင့် အမြစ်မစွဲဘဲ အပင်သေသွားနိုင်သည်။ စင်တန်းပေါ်တွင် တစ်ပင်နှင့်တစ်ပင်ရှစ်လက်မခြား စိုက်ပျိုးပေးရသည်။
အပင်အကွာအဝေး အမျိုးအစားအလိုက် ကွာခြားမှုရှိနိုင်သည်။သစ်ခွတစ်ပင်သည် ၁၀ ပင်မှ ၁၂ ပင်အထိ ပွားနိုင်ပြီး တစ်နှစ် သုံးလေးကြိမ် ရိတ်သိမ်းဖြတ်ယူနိုင်သည်။သစ်ခွ စိုက်ပြီးလျှင် အပင်များကြီးထွားဖွံ့ဖြိုးရန် ရေပေးသည့် စနစ်နှင့်မြေသြဇာကျွေးသည့် စနစ်သည် အရေးကြီးသည်။
ရေသည် PH ၆မှ ၇ ဒသမ ၅ ရှိလျှင် ပိုကောင်းသည်။ ဆားဓာတ်၊သံဓာတ်၊ထုံးဓာတ်များသောရေကိုမသုံး
သင့်ပေ။ နံနက်တစ်ကြိမ်၊ညနေတစ်ကြိမ်ရေပေးရန်
လိုအပ်သည်။ မိုးရာသီတွင်ရေပေးချိန်လျော့နိုင်သည်။ ရေပိုက်နှင့်တိုက်ရိုက် ရေပေးလျှင် အမြစ်ဇုန်ကို ရေအားနှင့် မလောင်းမိစေရန် သတိပြုသင့်သည်။ အပေါ်မှ ရေပန်းခေါင်းဖြင့် ရေမှုန်မွှားအသွင် ဖျန်ပေးနိုင်လျှင် ပို၍ကောင်းသည်။
အပင်ကြီးထွားမှု ကောင်းစေရန် အစာအာဟာရနှင့် ရေပေးမှန်လျှင် မှန်သလောက်အပင်ကြီးထွားပါသည်။

စီးပြားျဖစ္ သစ္ခြပင္စိုက္ပ်ိဳးနည္း

သစ္ခြကို အိုးစနစ္၊ျခင္းစနစ္၊ တိုင္ေထာင္စနစ္၊ ခ်ိတ္ဆြဲစနစ္၊အပင္ႀကီးတြင္ တြယ္ကပ္စနစ္၊ စင္တန္းစနစ္ စသည့္ စနစ္အမ်ိဳးမ်ိဳး ေဆာင္႐ြက္ႏိုင္သည္။
ဤစနစ္အမ်ိဳးမ်ိဳးမ်ားအနက္ လက္ရွိေအာင္ျမင္ႏိုင္ၿပီး စီးပြားေရးတြက္ေျခကိုက္ႏိုင္ေသာစနစ္ မွာ စင္တန္းစနစ္ျဖစ္သည္။သို႔အတြက္ သစ္ခြစိုက္ရန္ သစ္ခြ႐ုံ၊သစ္ခြစင္ ဦးစြာေဆာက္လုပ္ရမည္။ သစ္ခြသည္ မူလေတာဂႏိုင္ စိမ့္စမ္းၿမိဳင္ထဲကပတ္ဝန္းက်င္ သဘာဝအေျခအေနအတိုင္းထူေထာင္ဖန္တီးေပးႏိုင္မွသာ ဖြံ႕ၿဖိဳးႀကီးထြားႏိုင္သည္။
သို႔မဟုတ္လွ်င္ ျဖစ္ထြန္းမႈေႏွးေကြးၿပီး ၾကန႔္ၾကာႏိုင္သည္။ သစ္ခြစင္တန္းမ်ား ပတ္ဝန္းက်င္တြင္ သူ႔သဘာဝစိုထိုင္းဆႏွင့္ ပတ္ဝန္းက်င္ရရွိေအာင္အေပၚမွ Hori Net ျဖင့္ မိုးေပးရသည္။သစ္ခြ႐ုံသည္ အလင္းေရာင္လုံေလာက္စြာရရွိရသည္။ ေလဝင္ေလထြက္ ေကာင္းမြန္ရမည္။ သို႔အတြက္ အမိုးကို မျမင့္လြန္းမနိမ့္လြန္း မိုးေပးရသည္။ သစ္ခြစင္တန္းမ်ား ပတ္ဝန္းက်င္တြင္ စိုထိုင္းဆ ၂၀ မွ၂၅ ရာခိုင္ႏႈန္းရွိေအာင္ ျပဳျပင္ဖန္တီးေပးရန္လိုအပ္သည္။
သစ္ခြစင္တန္း တည္ေဆာက္ရာတြင္ထိပ္အက်ယ္ ေလးေပ၊ အရွည္ ေပ ၁၀၀၊အျမင့္ သုံးေပ၊ ေျခာက္ေပ ႏွစ္ထပ္စင္ေဆာက္ရသည္။ စင္ေပၚတြင္ သစ္သားတန္း တစ္တန္းႏွင့္တစ္တန္း ၁၀ လက္မျခား ကန႔္လန႔္႐ိုက္ရသည္။ စင္တစ္စင္ႏွင့္တစ္စင္ၾကား လူသြားလမ္း သုံးေပခြဲခ်န္ထားေပးရသည္။ အပင္ျပဳစုေစာင့္ေရွာက္ထိန္းသိမ္း ႏိုင္ရန္ ျဖစ္သည္။ စင္ေအာက္တြင္ စိုထိုင္းဆေကာင္းၿပီး စိမ့္ေအးေနေစရန္ အနက္ေလးလက္မတူးၿပီး ၎ထဲသို႔ အုန္းဆံမႈန႔္၊ စက္ဖြဲျပာ၊ သဲစသည္မ်ား ျဖန႔္ခင္းေပးထားရမည္။ စင္တြင္အသုံးျပဳေသာ သစ္သားမ်ားတြင္ မႈိေရာဂါမ်ား ကပ္ပါလာႏိုင္သျဖင့္ စင္ေဆာက္ၿပီးပါက မႈိသတ္ေဆးဖ်န္းေပးရန္ လိုအပ္သည္။
သစ္ခြမ်ိဳးပြားရန္ႏွင့္စိုက္ပ်ိဳးရန္အတြက္ အသုံးျပဳမည့္ အုန္းဆံခြံမ်ားကို မႈိသတ္ေဆးႏွင့္ ဘီ ၁(B1)အားေဆး ေဖ်ာ္စပ္ထားေသာ ေဆးရည္တြင္ တစ္ပတ္ခန႔္စိမ္ ေပးရသည္။ ဤသို႔စိမ္လိုက္ပါက ေရာဂါလည္းကင္းမည္။ အုန္းဆံခြံမ်ားလည္း ပြလာမည္။ အုန္းဆံခြံမ်ားကို အျမစ္တြယ္ကပ္အားေကာင္းေစရန္ အျမစ္ကုပ္ျမန္ေစရန္ ပြေနေအာင္ ထုၿပီးမွ အသုံးျပဳရန္ လိုအပ္သည္။
သစ္ခြစင္ႏွင့္ သစ္ခြ႐ုံေဆာက္ၿပီးပါက သစ္ခြပင္မ်ား မစိုက္ပ်ိဳးမီ သစ္ခြစင္မ်ားႏွင့္ ေအာက္ၾကမ္းခင္းေတြပါ အားလုံးစို႐ႊဲၿပီး ေရဝေနေစရန္ ဖ်န္းၿပီးမွ စိုက္ပ်ိဳးရန္လိုအပ္သည္။
စိုက္ပ်ိဳးသည့္အခါ သစ္ခြပ်ိဳးပင္အျမစ္ဇုန္ကို စင္ေဘးရွိ တန္းႏွင့္ၿမဲေနေအာင္ ခ်ည္ေႏွာင္ၿပီး တြယ္ကပ္စိုက္ပ်ိဳးမိရန္ သတိျပဳရသည္။ သို႔မဟုတ္လွ်င္ ေတာ္ေတာ္ႏွင့္ အျမစ္မစြဲဘဲ အပင္ေသသြားႏိုင္သည္။ စင္တန္းေပၚတြင္ တစ္ပင္ႏွင့္တစ္ပင္ရွစ္လက္မျခား စိုက္ပ်ိဳးေပးရသည္။
အပင္အကြာအေဝး အမ်ိဳးအစားအလိုက္ ကြာျခားမႈရွိႏိုင္သည္။သစ္ခြတစ္ပင္သည္ ၁၀ ပင္မွ ၁၂ ပင္အထိ ပြားႏိုင္ၿပီး တစ္ႏွစ္ သုံးေလးႀကိမ္ ရိတ္သိမ္းျဖတ္ယူႏိုင္သည္။သစ္ခြ စိုက္ၿပီးလွ်င္ အပင္မ်ားႀကီးထြားဖြံ႕ၿဖိဳးရန္ ေရေပးသည့္ စနစ္ႏွင့္ေျမၾသဇာေကြၽးသည့္ စနစ္သည္ အေရးႀကီးသည္။
ေရသည္ PH ၆မွ ၇ ဒသမ ၅ ရွိလွ်င္ ပိုေကာင္းသည္။ ဆားဓာတ္၊သံဓာတ္၊ထုံးဓာတ္မ်ားေသာေရကိုမသုံး
သင့္ေပ။ နံနက္တစ္ႀကိမ္၊ညေနတစ္ႀကိမ္ေရေပးရန္
လိုအပ္သည္။ မိုးရာသီတြင္ေရေပးခ်ိန္ေလ်ာ့ႏိုင္သည္။ ေရပိုက္ႏွင့္တိုက္႐ိုက္ ေရေပးလွ်င္ အျမစ္ဇုန္ကို ေရအားႏွင့္ မေလာင္းမိေစရန္ သတိျပဳသင့္သည္။ အေပၚမွ ေရပန္းေခါင္းျဖင့္ ေရမႈန္မႊားအသြင္ ဖ်န္ေပးႏိုင္လွ်င္ ပို၍ေကာင္းသည္။
အပင္ႀကီးထြားမႈ ေကာင္းေစရန္ အစာအာဟာရႏွင့္ ေရေပးမွန္လွ်င္ မွန္သေလာက္အပင္ႀကီးထြားပါသည္။
Share This
Latest
Next Post

Pellentesque vitae lectus in mauris sollicitudin ornare sit amet eget ligula. Donec pharetra, arcu eu consectetur semper, est nulla sodales risus, vel efficitur orci justo quis tellus. Phasellus sit amet est pharetra

0 မိတ္ေဆြတို႔ရဲ႕စကားသံမ်ား-:

အားပေးမွုကိုအထူးပင္ က်ေးဇူးတင္ရွိပါတယ္